International News

ကမ္ဘာ့အလွတ်လပ်ဆုံးကုန်သွယ်မှုဒေသဖြစ်ခဲ့သည့် ဟောင်ကောင်ဒေသအား စင်ကာပူ နိုင်ငံမှ ကျော်လွန်သွားခြင်း

Last Updated:

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသသည် ကမ္ဘာ့အလွတ်လပ်ဆုံး ကုန်သွယ်မှုဒေသ အဖြစ်တည်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်အတွင်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် ကမ္ဘာ့ငွေကြေးစင်တာအဖြစ် အောင်မြင်ကျေိာ်ကြားရာ ကမ္ဘာလုံးဆိုင်ရာ လေ့လာတိုင်းတာမှုအရ ၁၉၉၅ ခုနှစ် ကတည်းက ကမ္ဘာ့အလွတ်လပ်ဆုံး ကုန်သွယ်မှု ဒေသဖြစ်ခဲ့သည့် ဟောင်ကောင်ဒေသအား စင်ကာပူနိုင်ငံမှ ပထမဆုံးအနေဖြင့်ကျော်လွန်သွားကြောင်း၊ ဟောင်ကောင်ဒေသ၏ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုများ သိသာစွာကျဆင်းမှုကြောင့် စီးပွားရေးလွတ်လပ်မှု ရမှတ်အဆင့်မှာလျော့နည်း သွားကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်ရမှတ်အဆင့်မှာ တည်ငြိမ်မှုရှိသောကြောင့် ဟောင်ကောင်ဒေသအား ရေရှည်ယှဉ်ပြိုင်သူ အနေဖြင့် ဟောင်ကောင်ဒေသကို ပထမဆုံး ကျော်လွန်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသသည် ၁၉၉၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့အလွတ်လပ်ဆုံး ကုန်သွယ်မှုဒေသအဖြစ် တည်ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း  အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် ‌ဟောင်ကောင်‌ဒေသသည် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနေရာတွင် တည်ရှိနေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားမှု အများဆုံး ခံရသည့် ဒေသအဖြစ်မှ လျော့ကျခဲ့ကြောင်း၊ထို့ပြင်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ရောဂါကူးစက်မှု စတင်ပျံ့နှံ့သည့် ကာလအစောပိုင်းတွင်  ဆေးဘက် ဆိုင်ရာဝန်ထမ်းများမှလည်း ဆေးကုသမှုများလုပ်ဆောင်ရန် လုံလောက်မှုများမရှိသောကြောင့် မကျေနပ်မှုများအား ဆန္ဒပြမှုများရှိနေကြောင်း၊ ဟောင်ကောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Edward Yau မှ ပြောကြားရာတွင် ဟောင်ကောင်ဒေသ၏ စီးပွားရေးအဆင့်မှာ ကာလကြာရှည်စွာ မြင့်မားစွာရပ် တည်နိုင်ခြင်း၊ ဒေသ၏ စီးပွား‌ရေးလွတ်လပ်မှုအဆင့်မှာ ပြောင်းလဲနိုင်ဖွယ် မရှိနိုင်ခြင်းတို့ကြောင့် စီးပွားရေးအဆင့်မှာ ပြန်လည်မြင့်တက်လာနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပထမဆုံးစီးပွားရေးကျဆင်းခဲ့ပြီး အစိုးရဆန့်ကျင် ဆန္ဒပြမှုများနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်  လုံခြုံရေးကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များတွင် မသေချာမှုများ စိုးရိမ်ဖွယ်ရာများရှိနေသောကြောင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း ဒုတိယနှစ်အနေဖြင့် စီးပွားရေး ဆက်လက်ကျဆင်း နေမည်ဟု ခန့်မှန်းကြောင်း၊ ဟောင်ကောင်‌ဒေသအနေဖြင့် အာရှတွင် စီးပွားရေးလုပ်ကိုင်ရန် အတည်ငြိမ်ဆုံးဒေသအဖြစ် ကာလကြာရှည်စွာ ရပ်တည်နိုင်ခဲ့သောကြောင့် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ လပေါင်းများစွာ ဖြစ်ပွားခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များအတွက် လွတ်လပ်စွာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွား‌ရေး လုပ်ငန်းများ ပြန်လည်ကောင်းမွန် တိုးတက်လာမည်ဖြစ်ကြောင်း ၁၇-၃-၂၀၂၀ ရက်နေ့ထုတ် Bloomberg သတင်းစာ၌“Singapore overtakes Hong Kong as world’s freest economy” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

(မြန်မာစီးပွာရေးသံမှူး၊ ဟောင်ကောင်)

Category: International News